Tile Match Fun : ​ပဟေဠိဂိမ်း

56.3M100,000+
Casual
4.4
Tile Match Fun : ​ပဟေဠိဂိမ်း Screen Shot 0Tile Match Fun : ​ပဟေဠိဂိမ်း Screen Shot 1Tile Match Fun : ​ပဟေဠိဂိမ်း Screen Shot 2Tile Match Fun : ​ပဟေဠိဂိမ်း Screen Shot 3Tile Match Fun : ​ပဟေဠိဂိမ်း Screen Shot 4

Tile Match Fun : ​ပဟေဠိဂိမ်း

ပုံစံတူကြွေသုံးခု Match ပြုလုပ်ရသည့် ပဟေဠိဂိမ်း ဖြစ်သည့် ကြွေသုံးခုတွဲဆက်ဂိမ်းလေးသည် တူညီသော ကြွေပြားလေးများကို ချိတ်ဆက်၍ ကစားရသော ဂိမ်းအသစ်ဖြစ်ပါသည်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ဖွယ်ရာ ဆော့ကစား၍ ရပါသည်။ ၎င်းသည် သင်၏အတွေးစွမ်းရည်ကို ပိုမိုထက်မြက်စေပြီး ဦးနှောက်ပိုင်းဆိုင်ရာ တီထွင် ဆန်းသစ်မှုများကို တိုးတက်စေရန် လေ့ကျင့်ပေးပါသည်။ Tile Match Fun - ကြွေသုံးခုတွဲဆက်ဂိမ်းသည် သာမန် Mahjong (သို့) ဂန္ထဝင် သုံးခု တွဲဆက် Match လုပ်ရသည့် ပဟေဠိဂိမ်းမျိုးတော့ မဟုတ်ပါ။ သို့သော် သင့်အား ဂိမ်းကစားနည်း အသစ်တစ်ခုကို ပေးပါလိမ့်မည်။ စိန်ခေါ်ခြင်း ပဟေဠိများကို ဖြေရှင်းရန်အတွက် ပုံစံတူကြွေပြားလေးများ ၃ ခုကို တွဲဆက် Match လုပ်လိုက်ပါ။ ကြွေပြားလေးများကို အသာထိလိုက်ရုံဖြင့် အလိုအလျောက် အောက်သို့ပို့ပေးပြီး တွဲဆက်သွားမှာပါ။ ဒါကြောင့် သင့်စိုးရိမ်စိတ်တွေ ဘေးဖယ်ထားပြီး Tile Match Fun ဂိမ်းလေးကို ဝင်ရောက်ဆော့ကစား ကြည့်လိုက်ပါတော့။ အခမဲ့ဖြစ်ပြီး Match လုပ်ရခြင်းဖြင့် ကြွေဂိမ်းတွေမှာ ဆရာတစ်ဆူဖြစ်လာဖို့ ခုပဲ ကစားကြည့်ကြပါစို့။ သင်က ဗျူဟာကျကျ ဆော့ကစားရတဲ့ ပဟေဠိဂိမ်းများ၊ မှတ်ဉာဏ်စွမ်းရည်နဲ့ ဦးနှောက်လေ့ကျင့်ရေး စိန်ခေါ်မှု ဆိုင်ရာ ဂိမ်းများကိုနှစ်သက်ပါက ဒီ ကြွေသုံးခုတွဲဆက်ဂိမ်းလေးကို နှစ်သက်မိမှာ အသေအချာပါပဲ။ ဂိမ်းကစားနည်း ဘုတ်ပြားပေါ်ရှိ ကြွေအားလုံး တွဲဆက် Match ပြုလုပ်၍ ရှင်းလင်းပြစ်ပါ။ ဒါဆို ဂိမ်းအနိုင်ရရှိပြီ။ - Tile Match Fun ဂိမ်းလေးကို ကစားနိုင်ရန် ဘုတ်ပြားပေါ်ရှိ ကြွေပြားလေးများအသာနှိပ်ရုံဖြင့် တူညီသော ကြွေပြားလေး ၃ ခုကို ထားလိုက်ပါ။ ဘုတ်ပြားပေါ် ကြွေတုံးဘလော့လေးများအားလုံး အကုန် ဖယ်ရှားပြီးပါက ဂိမ်းအနိုင်ရပါပြီ။ - အကယ်၍ ဘလော့ သို့မဟုတ် ကြွေပြားလေးများ ၇ ခု ရှိလာပြီး ချစရာ နေရာမရှိပါက ဂိမ်းက ရှုံး၍ ပြီးဆုံးသွားပါလိမ့်မည်။ ဂိမ်းအင်္ဂါရပ်များ ∗ ၈၆၀ ကျော် အခမဲ့အဆင့်များ နှင့် အဆင့်တိုင်းကိုလည်း ကောင်းမွန်စွာဒီဇိုင်းပြုလုပ်ထားသည်။ ပျော်စရာတွေဆက်တိုက်ပါပဲ။ ∗ ကြွေအမျိုးမျိုး ပုံစံအမျိုးမျိုး - ဆူမိုတို၊ ကီမိုနို၊ ဖန်အခြေခံ စသည့် ဂျပန်အလှ ပစ္စည်းများအပြည့်ဖြင့် ∗ ရာနဲ့ချီသော အခင်းအကျင်းပုံစံတွေကို ရှင်းလင်းဆော့ကစားနိုင်ရန် ကြွေပြားများကို ချိတ်ဆက် match ပြုလုပ်ရပါမည် ∗ အလွန်ကောင်းမွန်သောဂရပ်ဖစ်များ၊ အသံပိုင်းဆိုင်ရာကြွယ်ဝမှုများနှင့် ပုံမှန်အခမဲ့ ရနိုင်သာ အဆင့်မြှင်တင်ခြင်းများ၊ ကြွေပြားပုံစံများနှင့် အခြားအရာများစွာ ∗ အပတ်စဉ် ပြိုင်ပွဲများ၊ ဉာဏ်စမ်းပွဲများမှ သင့်ရရှိတဲ့ ဆုလာဘ်များကို ရယူလိုက်ပါ ∗ ဒီ အခမဲ့ ကစားလို့ရတဲ့ ဂိမ်းလေးထဲမှာ ကမ္ဘာသစ်ကို ဖွင့်လှစ်၍ စွန့်စားမှုအသစ်များကိုရှာဖွေပါ ∗ သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည် ကို ဒီ လှပစွာ ဒီဇိုင်းရေးဆွဲထားတဲ့ ဂန္ထဝင်မြောက် Tile Match Fun - ကြွေသုံးခုတွဲဆက်ဂိမ်းလေးဆီက ပဟေဠိများနဲ့ လေ့ကျင့်လိုက်ပါ ∗ မြောက်မြားလှတဲ့ နံရံပန်းချီဓာတ်ပုံများ- တစ်ခုချင်းစီဟာ လက်ရာမြောက်လွန်းလို့ ရင်သပ်ရှုမောနဲ့ ဆက်ဖွင့်ချင်နေပါလိမ့်မယ် ∗ ကံကောင်းခြင်း လက်ဆောင်များ ရရှိပါစေ၊ အခမဲ့တွေနော် ∗ အော့ဖ်လိုင်းဂိမ်းများ၊ မည်သည့် နေရာမဆိုအချိန်မရွေးကစားပါ။ အချိန်အကန့်အသတ်မရှိ ကစား၍ ရပါသည်။ ∗ အခမဲ့ ဖြစ်သော ဂိမ်း ∗ အသက်အရွယ်တိုင်းအတွက် ဆော့ကစားဖို့ အလွန်သင့်တော်သော အခမဲ့ဂိမ်းပါ။ Tile Match Fun ဂိမ်းလေးသည် အခမဲ့ဖြစ်ခြင်းကြောင့် ကျိန်းသေသည့် ထိပ်ဆုံးဂိမ်းစာရင်းမှာရှိတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ လူတွေအနေနဲ့ သူတို့၌အခမဲ့အကျိုးကျေးဇူးများကို မခံစားလိုပေမမဲ့လည်း ဒီဂိမ်းလေးက‌တော့ အခမဲ့ပဲနော်။ ကြွေသုံးခုတွဲဆက် ပဟေဠိဂိမ်းလေးသည် သင့်ဦးနှောက် လေ့ကျင့်ခြင်းဆိုင်ရာ ပဟေဠိများဖြင့် သင့်ရဲ့ ပြဿနာဖြေရှင်းစွမ်းရည်တွေကို တိုးတက်စေလိမ့်မည်။ ပျော်စရာကောင်းတယ်၊ အခမဲ့ဖြစ်တယ်၊ လွယ်ကူတယ် သို့သော် စိန်ခေါ်မှုတွေနဲ့ ဆော့ကစားရတယ် ဆိုတဲ့ အချက်တွေက ဒီဂိမ်းရဲ့ အနှစ်သာရတွေပါပဲ။ ကဲ ဒီလို ပျော်စရာတွေ နဲ့ပြည့်နှက်နေတဲ့ ပုံစံတူကြွေသုံးခု Match ပြုလုပ်ရသည့် ပျော်စရာ ပဟေဠိဂိမ်းလေးဖြစ်တဲ့ Tile Match Fun ဂိမ်းလေးကို အခုပဲ ဒေါင်းလုပ်ရယူပြီး အခမဲ့ ဆော့ကစားလိုက်ကြပါစို့။
နောက်ထပ်ပြပါ

ဘာထူးသလဲ

version 2.0

သတင်းအချက်အလက်

  • ID:com.tilematch.triplepuzzlegame
  • အမျိုးအစား:Casual
  • အသစ်ပြောင်းခြင်း:2022-05-17
  • ထင်မြင်ချက်:2.0
  • လိုအပ်သည်:Android 6.0